Local News

ဆန်ဈေး ကျ၊ ဆန်ကွဲ၊ ဖွဲနုဈေး မြင့်တက်

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁၆.၂.၂၀၂၄)ရက်နေ့တွင် ဧည့်မထ ဆန်(မနောသုခ) တစ်အိတ်လျှင် (၈၈၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (1,2) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၅၁၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ် လျှင် (၁၅၆၀ဝိ/-)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂၃.၂.၂၀၂၄) ရက်နေ့တွင် ဧည့်မထ ဆန်(မနောသုခ) တစ်အိတ်လျှင် (၈၂၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်း မွှေးဆန်(ဟောင်း) တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၅၄၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၅၂၀၀ဝိ/-)ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် (၁၅၉၀ဝိ/-)ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါ သည်။

ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန် (မနောသုခ)တစ်အိတ်လျှင် (၆၀၀ဝိ/-)ကျပ် ဈေးကျဆင်းခဲ့ပြီး ဆန်ကွဲ (1,2) တစ်အိတ်လျှင် (၁၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၁၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၃၀ဝိ/-)ကျပ်တို့ဖြင့် ဈေးမြင့်တက်ခဲ့ပါသည်။ ပေါ်ဆန်းမွှေးဆန် ဈေး ယခုအပတ်တွင် ဈေးတည်ငြိမ်သော်လည်း ဧည့်မထဆန် (မနောသုခ) ဆန်ဈေးကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်း၊ ဆန်အဝင်များလာခြင်း တို့ကြောင့်ဖြစ်ပါ သည်။ ဆန်ကွဲ၊ ဖွဲနု ဈေးမြင့်တက် သွားခြင်းမှာ ဝယ်လိုအားကောင်းလာ၍ အဝယ်လိုက်လာခြင်း ကြောင့် ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင် ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News